ဘုရားသုံးဆူ သြဂုတ် ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရာသုံးဆူမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများသိရှိနိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ ရပ်ကွက်အတွင်းသို့ အသံချဲ့စက်များဖြင့် ယမန်နေ့ညနေ ၅ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်နေမှုများကို ဘုရားသုံးဆူမြို့၊ မြို့အုပ်ချုပ်ရေးမှူး၏လမ်းညွှန်ချက်ဖြင့် ကျေးလက်ကျန်းမာရေးဌာနက မြို့ပေါ်(၄)ရပ်ကွက်အတွင်းသို့ အသံချဲ့စက်များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လူစည်ကားရာနေရာများတွင်လုစုလူဝေးမရှိစေရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပူပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ်(ပြန်/ဆက်)