ထီးလင်း ဩဂုတ် ၂၆
ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့် COVID-19 အထူးချေးငွေများ ထုတ် ချေးပေးခဲ့ရာ ဩဂုတ် ၂၅ ရက်နေ့တွင် ထုတ်ချေးပေးမှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ သည်။
ထီးလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၅ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၆၉)အုပ်စုမှ တောင်သူ(၃၉၃၃)ဦး တို့အား စပါး(၈၆၃၂)ဧက၊ နှမ်း(၈၂၃၇)ဧကနှင့် မြေပဲ (၄၆၅)ဧက အတွက် ငွေကျပ်(၂၁၆၅၀) သိန်း ကို လည်းကောင်း၊ COVID-19 အထူးချေးငွေအား ရပ်ကွက်/ကျေးရွာ(၅၅)အုပ်စုမှ တောင်သူ(၂၄၈၀)ဦး တို့အား လယ်/ယာ ပေါင်း (၁၁၁၃၄) ဧက အတွက် ငွေကျပ်(၅၅၆၇)သိန်း ကိုလည်းကောင်း ထုတ်ချေးပေးမှု ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
အောင်စည်(ပြန်/ဆက်)