မော်လမြိုင် ဩဂုတ် ၂၆
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိ ယနေ့)ကို သြဂုတ်လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီက မော်လမြိုင် မွန်ပြည်နယ် လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ကြယ်ပွင့်ပြ မေးခွန်း (၅)ခု မေးမြန်းရာ သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည် ဖြေကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ မွန် ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်း ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ စည်ပင် သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ လျှပ်စစ်၊စွမ်းအင် နှင့်စက်မှုဝန်ကြီးဦးလှထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် တို့က ထောက်ခံဆွေးနွေးခြင်းအပေါ် ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦး က ပြန်လည်ရှင်းလင်း ပြောကြားပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ က လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ အား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် တွင်မှတ်တမ်းတင်ထား ရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာ ကော်မတီ၏ ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်း ထားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်တို့က ထောက်ခံဆွေးနွေးခြင်းအပေါ် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်ထူး က ပြန်လည် ရှင်းလင်း ပြောကြားပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ က လွှတ်တော် တွင် မှတ်တမ်း တင်ထားရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် မွန်ပြည်နယ်လွှတ်တော်(၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရပ်နား ခဲ့ပြီး သြဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီတွင် ဆက်လက် ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)