စလင်း ဩဂုတ်၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ(၈)ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြု လုပ်မည် ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ အထိ ပထမအကြိမ် ကပ်ထားကြေညာခဲ့ပြီး ဖြစ်ပါသည်။ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်း စိစစ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲများက သက်ဆိုင်ရာ ကျေးရွာ အုပ်စုများအလိုက် ဆောင်ရွက်လျက်ရှိသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မဲစာရင်းများပိုမိုပြည့်စုံ မှန်ကန်မှုရှိစေရန်အတွက် မြို့နယ်ကော်မရှင်အဖွဲ့အဖွဲခွဲမှ ဒုတိယဥက္ကဋ္ဌ ဦးလွှမ်းမိုးအောင် (ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး) နှင့် အဖွဲ့ဝင်ဦးသန်းမြင့် (မြို့နယ်ပြန်/ဆက်ဦးစီးမှူး) တို့သည် ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ ဂွေးပင်ဇင် ကျေးရွာအုပ်စု၊ ညောင် (လင်းဇင်း) ကျေးရွာအုပ်စု၊ ဆည်ကန်ကျေးရွာ အုပ်စုများရှိ မဲဆန္ဒရှင် များနေထိုင် ရာနေအိမ်များအထိ တစ်အိမ်တက်တစ်အိမ်ဆင်း မဲဆန္ဒရှင်စာရင်း များအား တိုက်ဆိုင်စစ် ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)