သာယာဝတီမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် တောင်သူများအား မျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးမှုအသိပညာပေး လက်တွေ့ကွင်းဆင်းပြသ

သာယာဝတီ သြဂုတ် ၂၆

သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် တောင်သူများအား မျိုးစေ့ထုတ် လုပ်ငန်း စိုက်ပျိုးမှု အသိပညာလက်တွေ့ ကွင်းဆင်းပြသခြင်းကို ယနေ့နံနက် ၇နာရီ အချိန်က ဇိမ်ဇာကျေးရွာအုပ်စု၊ ဇိမ်ဇာကျေးရွာ၊ တောင်သူ ဦးတင်ဝင်း၏ စံပြစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစီအစဉ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက CERP အရ ဆောင်ရွက်ရသော ရေတိုအစီအမံ များ အပြင် ကိုဗစ်-၁၉ အလွန် ကာလများအတွက် လယ်ယာကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများဖြစ်ပြီး တောင်သူလယ်သမား များ အနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် ရာသီဥတုများနှင့်အညီ စိုက်ပျိုးသွားနိုင်ရန်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးမည့် တောင်သူများသည် ရွှေရင်အေးမျိုးစပါးဖြင့် (၁၅)ဧကကို မျိုးစေ့ထုတ် စိုက်ပျိုးသွားမည် ဖြစ်ပြီး သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား အသိပညာပေး လက်တွေ့ ကွင်းဆင်းပြသပေးခဲ့ကြောင်း သိရသည်။

Description: https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gifသန့်ဇော်(ခရိုင်ပြန်/ဆက်)