ပေါက်မြို့နယ် ချောင်းနားရွာမကျေးရွာ၊‌ စာသင်ကျောင်းဆောင် ပြုပြင် တည်ဆောက် ခြင်း၊ ကျေးရွာတွင်း မြေနီလမ်းခင်းခြင်းနှင့် ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်း ပြီးစီး အောင်မြင်မှု ဖွင့်ပွဲနှင့် လူထုစစ်တမ်းကောက်ယူ

ပေါက်  သြဂုတ်  ၂၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)ထောက်ပံ့ရန်ပုံငွေနှင့် ကျေးလက် နေပြည်သူများ၏ ထည့်ဝင် ငွေများဖြင့် ပေါက်မြို့နယ် ချောင်းနားကျေးရွာအုပ်စု၊ ချောင်းနားရွာမကျေးရွာ စာသင် ကျောင်းဆောင် ပြုပြင်တည်ဆောက်လုပ်ခြင်း၊ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်းနှင့် ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်းပြီးစီးအောင်မြင်မှုဖွင့်ပွဲနှင့် လူထု စစ်တမ်း ကောက်ယူခြင်းကို စာသင် ကျောင်းရှေ့၌ သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ လူထုဗဟိုပြုစီမံကိန်း၊ တိုင်းအကြံ‌ပေးဦး‌မောင်ပိုက အဖွင့်အမှာစကား‌ ပြော ကြားပြီး၊ လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး၊ ကျားမ‌ရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းက စီမံကိန်း ပြီးစီးပြီးနောက်ပိုင်း ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များ ဆွေးနွေးပြောကြားသည်။

ထို့နောက် လူထုစည်းရုံးရေးမှူး‌ ဒေါ်သဇင်ဦးက လူထုစစ်ဆေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်‌၊ လက်ထောက်နည်းပညာမှူး ဒေါ်ခိုင်သီတာဆွေက မဲပေးရမည့်ပုံစံများ အား အသေးစိပ်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဆောင်ရွက်ပြီးစီးသွားသည့်စီမံကိန်း လုပ်ငန်းခွဲများ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ငွေကြေး သုံးစွဲမှုကို စီမံကိန်း လုပ်ငန်းစဉ် တစ်ခု ဖြစ်သည့် လူထု စစ်ဆေးပွဲပြုလုပ်သည်။

အဆိုပါ ကျေးရွာကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်းမှာ အလျားပေ ၉၀၊ အနံပေ၃၀၊ အမြင့်၁၂ ပေဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေကျပ်(၃၃၈၀၀၀၀)၊‌ ကျေးရွာ ထည့်ဝင်‌ငွေကျပ် (၅၀၀၀၀၀)၊ ကျေးလက်အင်ဂျင်မီးလင်း‌ရေး လုပ်ငန်းမှာ၊ မီးတိုင် ၂၆ တိုင်၊ မီးကြိုး ၂၉၃၁ ပေ၊ စီမံကိန်းထောက်ပံ့ငွေကျပ်(၉၁၅၀၀၀၀)၊ ကျေးရွာတွင်းလမ်း‌ မြေနီခင်းခြင်းမှာ  အလျားပေ ၁၇၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက္မဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေကျပ် (၄၈၇၀၀၀၀) ကျေးရွာလူထုထည့်ဝင်ငွေကျပ် (၁၁၆၁၀၀၀) ဖြင့်လုပ်ငန်းခွဲများမှာ ဩဂုတ်(၁၈) ရက်နေ့က ပြီးစီးခဲ့ကြောင်း၊အဆိုပါ စာသင်ကျောင်း ဆောင်ပြုပြင်ခြင်းလုပ်ငန်းတွေ၊ ရွာတွင်းလမ်း‌မြေနီခင်း ခြင်းလုပ်ငန်းနှင့် ကျေးလက် အင်ဂျင်မီးလင်း‌ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် လူထု စစ်ဆေးပွဲ ရလဒ်များကို ကျေးရွာ လူထု သိရှိစေရန်ကြော်ငြာ သင်ပုန်းတွင် ပွင့်လင်း မြင်သာစွာ ကြေညာပေး ခဲ့ကြောင်း လက်‌ထောက်နည်းပညာမှူး‌ ဒေါ်ခိုင်သီတာဆွေ၏ ပြောကြား ချက်အရ သိရသည်။။

ဉာဏ်တိုး(ပြန်/ဆက်)