ပေါင် ဩဂုတ်၂၆
သထုံခရိုင် ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းက ကဒါရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများကို သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိ သူတိုင်း ဆန္ဒမဲပေး နိုင်ရေးအတွက် မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးငွေသောင်းနှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားခြင်း မရှိသေးသည့် ပြည်သူများကိုဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေ သည့် ရပ်ကွက်ကျေးရွာများမှ ပြည်သူများကိုလည်း ဝန်ထမ်းများမှ အလှည့်ကျ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)