ကျောင်းကုန်း ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကိုဗစ်-၁ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အေးချမ်းသာယာ ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ကိုဗစ်-၁၉ရောဂါ အသိပေးကြေညာခြင်းအား တစ်နေ့(၅)ကြိမ် ကြေညာလျက်ရှိကြောင်း၊ ကျေးရွာများတွင်လည်း အသိပေးကြေညာကြောင်း၊ ရခိုင်ပြည်နယ် Stay Home သတ်မှတ်ထားသည မြို့မှလာသူများ ရှိပါက C B F Q တွင် (၂၁)ရက်၊ H Q တွင် (၇)ရက် ထားရှိသွားမည် ဖြစ်ကြောင်း၊ လူအများသွားလာရာ မြို့မဈေးတွင် mask တပ်ဆင်ရေး တင်းကြပ်စွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဝိုင်းဝန်းအကြံပြု ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင် က ‘‘အရေးအကြီးဆုံးက ပြည်သူတွေကိုယ်တိုင် အသိစိတ်နဲ့ ပူးပေါင်းပါဝင်ဖို့လိုကြောင်း၊ ဒါကြောင့်တတ်နိုင်သမျှ လူစုလူဝေးကိုရှောင်ပါ၊ အပြင်ထွက်တိုင်း mask တပ်ပါ၊ လက်ကိုမကြာခဏဆေးကြပါ၊ မဖြစ်မနေ အပြင်ထွက်လျှင် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေထိုင်ကြရန် ပြောကြားခဲ့ပြီး၊ တစ်ပတ်လျှင် တစ်ကြိမ်စစ်ဆေးကာ အသိပညာပေးမှုများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)