ပခုက္ကူမြို့ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းက လက်ဆေးရေစင်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်

ပခုက္ကူ    ဩဂုတ်   ၂၆

ပခုက္ကူမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများသို့ လက်ဆေးရေစင်များနှင့်ကို ဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပခုက္ကူမြို့ အထက၂ ပိတောက်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီက မိမိမြို့နယ်ရှိ အခြေခံပညာအထက် တန်းကျောင်းများအတွက် လိုအပ်လျက်ရှိသော လက်ဆေးရေစင်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းပေးပါသော ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအဖွဲ့အား ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ကရုဏာလူမှုစည်းလုံးညီညွတ်ရေး အသင်း မန္တလေးရုံးမှ ဦးသန်းမင်းထွန်းက အခြေခံပညာအထက်တန်းကျောင်းများသို့ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

ယနေ့လှူဒါန်းသောပစ္စည်းများမှာ လက်ဆေးရေစင် ၆၁ ခု၊ လက်သန့်ဆေးရည် ၃၁ ဗူး၊ ကာ ကွယ်ရေးဝတ်စုံ ၁၆၀ စုံ၊ လက်အိတ် ၃၁၀၀၊ အသိပညာပေးပိုစတာ ၉၄ စုံတို့ဖြစ်ပြီး အခြေခံပညာအ ထက်တန်းကျောင်း ၃၀ ကို ပေးအပ်လှူဒါန်းကြောင်း သိရသည်။

ကိုတမာ(ပြန်/ဆက်)