ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်းဆွေးနွေး

ဂန့်ဂေါ ဩဂုတ် ၂၆

ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေး ခန်းမ တွင် ပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ ဂန့်ဂေါမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူးတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြ၍ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် မဲဆန္ဒရှင်များ၏ ကွက်လပ် ဖြစ်နေ သောနေရာ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်များ အချိန်မီဖြည့် နိုင်ရေး ဆွေးနွေး ကြကြောင်း သိရသည်။

တောင်သားမောင်သန်း