ဆင်ပေါင်ဝဲ ဩဂုတ်၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးကဏ္ဍ အဆင့်မြှင့် တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အင်ပင်လှကျေးရွာ အခြေခံပညာ အထက် တန်းကျောင်း (ခွဲ)၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သိန်း (၄၄၀)ဖြင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ အဆောက်အဦမှာ အလျား(၈၀)ပေ၊အနံ(၃၀)ပေ Steel Structuer တစ်ထပ် အမျိုး အစားဖြစ်ပြီးအဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရေးနှင့် လုပ်ငန်းပြီးစီးအောင်ဆောက်လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာန၏ လမ်း ညွှန်ချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
အိဖြူဖြူမောင်(ပြန်/ဆက်)