မင်းတုန်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်း စစ်ဆေး

မင်းတုန်း ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work  စီမံကိန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ‌ ‌ကျွဲဘေးကျေးရွာ အုပ်စု၊ ကျွဲဘေး(အထက်) ကျေးရွာတွင် ‌ရွာအဝင် လမ်းနှင့် ရွာတွင်းလမ်းခင်းခြင်း လုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါလမ်းသည် အရှည်ပေ (၂၅၀၀)ရှိပြီး အကျယ်(၁၂)ပေ ထု()လက်မဖြင့် မြေသားလမ်းဖို့ခြင်း၊ မြေနီခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပြီဖြစ် ၍ ကျေးရွာ အတွင်းရှိ အိမ်ခြေ(၇၄) အိမ်မှ လူဦးရေ (၂၄၆)ဦး အတွက် များစွာအကျိုးပြု မည်ဖြစ် ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကုန်ကျငွေ ကျပ်သိန်း (၁၀၀)ဖြင့် လမ်းခင်းပေးခြင်းဆောင်ရွက်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်မြတ်စုအောင် ထံမှသိရှိ ရသည်။ 

ချင်းကလေး(NRDC)