စစ်တွေမြို့နယ်မှ ရေနံချောင်းမြို့နယ်သို့ ပြန်လာသူများအား ရေနံချောင်းဒီဂရီ ကောလိပ် Quarantine Centre တွင်ထားရှိထား

ရေနံချောင်း ဩဂုတ်

ရေနံချောင်းမြို့နယ်၌ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပြန်လာသူ အမျိုးသား ဦးအား ကနဦးကျန်းမာ ရေးစစ်ဆေးမှုများပြုလုပ်ပြီး ရေနံချောင်းဒီဂရီကောလိပ် Community Base Facility Quarantine Centre တွင် ထားရှိထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ သိရ သည်။

ရေနံချောင်းမြို့နယ်တွင် ဩဂုတ် ၂၄ ရက်  နံနက် နာရီက စစ်တွေမြို့နယ်မှ ကုန်စည်ပို့ဆောင် ရေး (ကုန်မျိုးစုံ)လုပ်ငန်း လုပ်ကိုင်ပြီး  ခြောက်ဘီးယာဉ်သုံးစီးဖြင့် ပြန်လာသည့် ယဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား ဦးအား ဖန်ခါးစမ်း ကျေးရွာ သစ်တောစိုက်ခင်းအနီးတွင် လည်းကောင်း အလားတူ ဩဂုတ် ၂၃ ရက် မွန်းလွဲ နာရီက စစ်တွေမြို့တွင် ဆန်ကုန်တင် လုပ်ငန်းလုပ်ကိုင်ပြီး ခြောက်ဘီး ယာဉ်ဖြင့် ပြန်လာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် နှစ်ဦးအား မြို့ရှောင်လမ်း မိုင်တိုင် အမှတ်(/)တွင်လည်းကောင်း မြို့နယ် ကိုဗစ်-၁၉ ကော်မတီ မှ တာဝန်ရှိ သူများနှင့် မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာဆန်းထွန်းတို့က ကနဦးကျန်းမာ ရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပြန်လာသူ အဆိုပါ အမျိုးသား ဦးအား ရေနံချောင်း ဒီဂရီ ကောလိပ် (CBFQ) ရွှေယင်းမာအဆောင်() သီးခြားဆောင်တွင် Quarantine ရှိပြီး ကျန်းမာရေး စစ်ဆေးပြီးသည်အထိ ဆက်လက်ထားရှိဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရ သည်။

ကိုစိုးကြီး(ပြန်/ဆက်)