သံဖြူဇရပ် သြဂုတ် ၂၆
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန သထုံခရိုင် ငါးသားပေါက်စခန်းမှ (CERP) ၏ Action Plan (ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်) အရ ယနေ့ နံနက် ၉ နာရီက သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ ဦးကာတွန်း၏ ငါးမွေးကန်၌ ငါးသား ပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ သည်။
အဆိုပါ ငါးသားပေါက် ထောက်ပံ့ပေးအပ်ရာတွင် သံဖြူဇရပ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ဝေနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်တို့မှ ကရုပ္ပိကျေးရွာ ဦးကာတွန်း၏ ငါးမွေးကန် (၃၉.၁၄) ဧက အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၇၈၂၈၀) အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ဝေနှင့် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရုပ္ပိကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ငါးမွေး တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးအေးသီ (ပြန်/ဆက်)