ငပုတောမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်း ဆွေးနွေး

ငပုတော ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်ဦးညို ရေးသားသည့် "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နုနုအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူ (BookClub) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီ အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)