ကရသူရိ သြဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီအနီး၊ ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး ယာဉ် အန္တရာယ်ကင်းရှင်းရေး အချိန်တိုအတွင်း ယာယီဘေလီတံတား တည်ဆောက်ခြင်းကို ယမန်နေ့ နံနက်အစောပိုင်းက စတင်တည်ဆောက်ကာ တည်ဆောက်မှု ပြီးစီးခဲ့သဖြင့် ယာဉ်များဖြတ်သန်းသွားလာနေပြီးဖြစ်ကြောင်း သိရသည်။
ယာယီဘေလီတံတား တည်ဆောင်ခြင်းကို ကရသူရိမြို့အုပ်ချုပ်ရေးမှူးနှင့် လမ်းဦးစီးဌာနမှ တာဝန်ခံဦးမြတ်သူအဖွဲ့က လူအင်အား၊ စက်အင်အားများအသုံးပြုပြီး အချိန်တိုအတွင်း ဘေလီ တံတားတည်ဆောက်ပြီးစီးနိုင်ရေး ဆောင်ရွက်ခဲ့ကြရာ ယမန်နေ့မွန်းတည့် ၁၂ နာရီ ၄၅အချိန် တွင် တံတားတည်ဆောက်မှုပြီးစီးခဲ့သဖြင့် ယာဉ်များအန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းသွား လာနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီဘေလီတံတား တည်ဆောက်ခြင်းသည် သြဂုတ်လ၁၃ရက်နေ့က မိုးသည်းထန် စွာရွာသွန်ပြီး မြေသားနံရံတိုက်စားခံရ၍ လမ်းကျိုးပေါက်ဖြစ်ပွားမှုကို သက်ဆိုင်ရာအဖွဲ့အစည်း များပူးပေါင်းပြီး ပြုပြင်ဆောင်ရွက်ခဲ့ကြကာ ယာဉ်များအန္တရာယ် ကင်းရှင်းရေးအတွက် ၎င်း နေရာကို ယာယီဘေလီတံတား တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)