ဒိုက်ဦး ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စာရေးဆရာချစ်ဦးညို ရေးသားသည့် "တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းနှင့်ယဉ်ကျေးမှုမျက်နှာစာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Woman Club)အဖွဲ့ဝင် ဒေါ်တင်ပပထူးက တိုးတက်ခြင်းကို မူတည်၍ ဥပမာများပေးကာ ဆွေးနွေး ခြင်းဖြင့်လည်းကောင်း (Youth Club)အဖွဲ့ဝင် မဖူးမြတ်သွယ်မှ ဆုတ်ယုတ်ခြင်းကို မူတည်၍ ဥပမာများပေးကာ ဆွေးနွေးခြင်းဖြင့်လည်းကောင်း (Book Club) အဖွဲ့၀င် မလဲ့လဲ့ထွန်းက ယဉ်ကျေးမှုနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)