ဟင်္သာတ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဟင်္သာတခရိုင် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီ အစဉ်ဖြင့် ဖွင့်လှစ်သင်ကြားသည့် လူသုံးကုန် (ရိုးရိုးဆပ်ပြာ)ထုတ်လုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက ဟင်္သာတခရိုင်စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းချမ်း က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကြည်ဟန်၊ သင်တန်းနည်း ပြဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက သင်တန်းချိန်ပြီးဆုံးအောင် တက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ် များကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိ ခိုက်မှုများ ပြန်လည်ကု စားနိုင်ရန်၊ တစ်ပိုင်တစ်နိုင် အပိုဝင်ငွေရှာနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ပြီး ဟင်္သာတမြို့နယ် အတွင်းမှ သင်တန်းသား၊ သင်တန်းသူ (၃၅)ဦး တို့အား လူသုံးကုန်ဆပ်ပြာလုပ်နည်း အဆင့်ဆင့်နှင့် ဈေးကွက်တွင် ကိုယ်တိုင်ရောင်းချ နိုင်သည့် အဆင့်အထိ ယခုလ (၂၀)ရက်နေ့က စတင်ပြီး စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)