ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရေး ပညာပေးလုပ်ငန်း အရှိန်အဟုန် မြှင့်ဆောင်ရွက်

 

ပင်လောင်း     ဩဂုတ်    ၂၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက်  Mask တပ်ဆင်ခြင်း ယဉ်ကျေးမှုဖြစ်ပေါ်စေပြီး ဈေးသွားဈေးလာ ၊ လူထူထပ် သည့်နေရာ များတွင် Mask တပ်ဆင်ခြင်းအလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင် ကာကွယ်သည့် ရည်ရွယ် ချက်ဖြင့် Mask များဖြန့်ဝေပေးခြင်းဖြင့် ပညာပေးလုပ်ငန်းကို  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင်  ယနေ့နံနက်ပိုင်းက  မြို့မရဲစခန်းရှေ့ မင်းလမ်းပေါ်၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

Mask များဖြန့်ဝေရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်  ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့(ခွဲ)၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဈေးသွား ဈေးလာ ၊ လူထူထပ်သည့် နေရာများတွင် Mask ယူဆောင်အသုံးပြု တပ်ဆင်ခြင်းအလေ့အထ ရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများမှ Mask တပ်ဆင်ခြင်းမရှိသူများအား Mask များဝယ်ယူ တပ်ဆင်စေခြင်းဖြင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ပြီး၊ လမ်းဦးစီးဌာနမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။  

ခွန်အာကာစိုး