ကျောက်တလုံးကြီးမြို့၌ Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်

ကျောက်တလုံးကြီး        ဩဂုတ်       ၂၅

စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက် တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ‌ Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့  နံနက် ၁၀ နာရီခွဲ က ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားတွင် ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းက Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး၊ ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးမောင်မောင်မြင့်က Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရခြင်းကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးသည့် တောင်သူ ၁၀ ဦးအား ကျောက် တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးမောင်မောင်မြင့်နှင့် လက်ထောက် ဦးစီးမှူး ဦးခွန်မောင်ညာ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဦးခွန်ကျော်လေးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးခွန်စိုးမြင့်တို့က မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများအား ထောက်ပံ့ငွေ တစ်ဧက လျှင် ငွေကျပ် ၈၃၅၀၀/− ကျပ် နှုန်းဖြင့် ဧက ၃၀ အတွက် စုစုပေါင်း ငွေကျပ် ၂,၅၀၅,၀၀၀ ကျပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ခွန်အာကာ(ကျောက်တလုံး)