ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၃ လုံးအတွက် ကယ်ဆယ်ရေး ရန်ပုံ​ငွေထောက်ပံ့ပေးအပ်

ဇလွန်  သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၃ လုံးရှိ အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာတို့တွင် သြဂုတ်လ ၂၁ ရက်နေ့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် ပြောင်းရွှေ့နေအိမ် ၃ လုံးအတွက် နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် (၃၀၀၀၀၀)၊ ဆန်ရိက္ခာ တစ်ပတ်စာအတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၂ ဦးတို့အတွက် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် ၂၅၂၀၀  စုစုပေါင်း ထောက်ပံငွေကျပ် (၃၂၅၂၀၀)တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ၊ ဇလွန်(ပြန်/ဆက်)