ကောလင်း ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့၌ ယမန်နေ့ မွန်းလွှဲ ၂ နာရီက ကောလင်းမြို့နယ် မီးသတ် စခန်းမှ တပ်ကြပ်ကြီး ထက်အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးသည် မီးသတ်ယာဉ်ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာ ရန် စည်းကမ်းချက်များအား သတိပြုဆောင်ကြပါရန် ကောလင်းမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများအား အသိပေးနှိုးဆော်ခြင်များကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးလှည့် လည်နှိုးဆော်ရာတွင် ကောလင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတစ်ဝမ်းတွင် ဒုတိယလှိုင်းအနေဖြင့် ရိုက်ခတ်နိုင်မှုမရှိစေရေး အတွက် လူစုလူဝေရှိရာနေရာများသို့ မလိုအပ်ပဲ မသွားကြရန်၊တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ မှ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့် နှားခေါင်းစည်း (Mask) ကို စနစ်တကျမပျက်မကွက်တပ်ဆင်ကြပါရန်၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြပါရန်၊ စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ အနေဖြင့် သတ်မှတ်ထား သော စည်းကမ်းချက်များနှင့်အညီ စနစ်တကျဖွင့်လှစ် ရောင်းချကြပါရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်၊ညွှန်ကြားချက်များနှင့် အညီ လိုက်နာကျင့်သုံး နေထိုင်ကြပါ ရန် အလေးထား လိုက်နာဆောင်ရွက် ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)