ပခုက္ကူမြို့နယ်၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် လူသုံးကုန်လက်မှု လုပ်ငန်းခွင် သင်တန်း ဖွင့်လှစ်

ပခုက္ကူ  ဩဂုတ် ၂၅

အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးက ကြီးမှူး၍ COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန်လက်တွေ့လုပ်ငန်းခွင်သင်တန်းကို ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ မူလတန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီကဖွင့်လှစ်သင်ကြားသည်။

သင်တန်းသို့ ပခုက္ကူမြို့နယ် ECCD Network အဖွဲ့ဝင်ကျေးရွာများမှ မူလတန်းကြိုဆရာမ ၃၀ ဦး တက်ရောက်ပြီး ဩဂုတ် ၂၄ ရက်မှ ၂၉ ရက်နေ့အထိသင်ကြားပို့ချသွားမည်ဖြစ်သည်။

လက်တွေ့လုပ်ငန်းခွင်သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီ၊အဝတ်လျှော်ဆပ်ပြာဆီ၊ပန်း ကန် ဆေးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ သဘာဝခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာခဲ အမျိုးမျိုးနှင့် ရေမလိုလက်သန့်ဆေးရည် လုပ်နည်းများကို သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

ကိုဇော်( ပြန်/ဆက် )