ကသာခရိုင်၊ ဗန်းမောက်မြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်သင်တန်းဆင်းပွဲပြုလုပ်

ဗန်းမောက် ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပ ဖွင့်လှစ်သော တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် သင်တန်း ဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြနန္ဒာရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ဆန်းဝင်းက မြို့နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ရက်တိုသင်တန်း အောင်မြင်ပြီး မြောက်သွားပြီ ဖြစ်သောကြောင့် မိမိဒေသသို့ ပြန်လည်ရောက်ရှိပါက သင်တန်းသားအနေဖြင့်် လက်ဆင့်ကမ်း သင်တန်းပို့ချနိုင် ရေး၊ ကိုဗစ်-၁၉ ကာလအတွင်း Good Animal Husbandry Practice (GAHP) အစီအစဉ်အရ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား ၂၀ ဦးအတွက် သင်တန်းဆင်း လက်မှတ်များကို မြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)