ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မပေါ်ပေါက်စေရေးသတိပြုရန် ထီးချိုင့်မြို့နယ်အတွင်းရှိ ပြည်သူများသို့ လှည့်လည်နှိုးဆော်

ထီးချိုင့် ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  မပေါ် ပေါက်စေရေးသတိပြုရန် ထီးချိုင့်မြို့နယ်အတွင်းရှိ ပြည်သူများ သို့ပန်ကြားချက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ထီးချိုင့်မြို့ပေါ်ရပ်ကွက်များသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ အသိပေး လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ အသိပေးလှည့် လည်နှိုးဆော်ရာတွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မည်သည့် အကြောင်းကိစ္စဖြင့်ဖြစ်စေ အပြင်ထွက်တိုင်း နှာခေါင်း စည်း (MASK) များ တပ်ဆင်ကြရန်၊ လူစုလူဝေးဖြစ်စေသည့် နေရာများသို့ လုံးဝ(လုံးဝ) မသွားကြပါရန်နှင့် ထီးချိုင့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားရှိသည့်အမိန့်၊ ညွှန်ကြား ချက်များအားအလေးထား လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

ရဲလင်းထွန်း ထီးချိုင့်