လှိုင် ဩဂုတ် ၂၅
လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ရန်ကုန်အင်းစိန်လမ်းရှိ လှိုင်ရတနာစျေးကြီးတွင် ယနေ့နံနက်က အလှူရှင် (Rotary Club of Loyalty Myanmar)အဖွဲ့နှင့် ဒေါ်သန်းမြင့်အောင် (ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့)၊ အလှူရှင် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦး၊ ရန်ကုန်အနောက်ပိုင်းခရိုင် စည်ပင်စျေးများ ဌာနမှ ခရိုင်မှူး ဦးကျော်မြင့်၊ ဒုဌာနမှူး ဦးသန့်စင် ထွန်း၊ လှိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ ၁၂ရပ် ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လှိုင်မြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးနိုင်ဦးတို့ ဦးဆောင်၍ စျေးအတွင်း လာရောက်ကြသည့်စျေးသည် စျေးဝယ်များအား (ဆပ်ပြာ /Masks /Hand gel/Face Shield/ ရေသန့်ဗူး) တို့အားယခု ဖြစ်ပေါ်နေသည့် (COVID-19)ရောဂါအား ကာကွယ်ရန် အတွက် အခမဲ့ဝေငှ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော် (ပြန်/ဆက်)