သင်္ဃန်းကျွန်းမြို့နယ်တွင် မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ရန်ကုန် ဩဂုတ် ၂၅

မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ ဓာတ်အားလိုင်း ပြတ်တောက်ခြင်းများ မဖြစ်စေရေး၊‌ လေပြင်း တိုက်ခတ်ခြင်း‌ကြောင့် သစ်ပင်ပြိုလဲအန္တရာယ်များ မဖြစ်စေရေးတို့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ မြေယာ၊ ရှုခင်း အားကစားဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူး‌ ပေါင်းကာ ယနေ့ နံနက်ပိုင်းအချိန်က (ဆ/ခ) ရပ်ကွက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကျောင်းနှင့် ရွှေကိန္နရီအိမ်ယာကြားရှိ လျှပ်စစ်‌မီးကြိုးနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)