နမ့်ခမ်းမြို့နယ်ရှိ (IDP Camps)များတွင် အိမ်ထောင်စုအလိုက် အခြေခံ စားသောက်ကုန်များ ဝယ်ယူနိုင်ရန် အတွက် ငွေကျပ်(၄၀၀၀၀/-)နှုန်းထောက်ပံ့ပေးအပ်

မူဆယ်  ဩဂုတ် ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မူဆယ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၄၀၀၀၀/-) နှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။            

ထိုသို့သွားရောက်ထောက်ပံ့ရာတွင် နမ့်ခမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ  တာဝန်ရှိသူများ၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများနှင့် အတူ မူဆယ်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန် ရှိသူများ သည် (IDP Camps)များရှိ တိုက်ပွဲရှောင် အိမ်ထောင်စု  (၃၈၉)စုအတွက်  အခြေခံ စားသောက် ကုန်များ လွယ်လင့်တကူ ဝယ်ယူသုံးစွဲနိုင်ရန် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၄၀၀၀၀/-)နှုန်း ထောက်ပံ့ ပေးအပ် ခဲ့ရာ စုစုပေါင်းငွေကျပ်(၁၅၅၆၀၀၀၀/-) အား (IDP Camps စခန်းတာဝန်ခံများမှ တစ်ဆင့် တိုက်ပွဲရှောင် ပြည်သူများထံသို့ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

စန္ဒာ(ပြန်/ဆက်)