ဝေါမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများသစ္စာစီမံချက်ဖြင့် (ပဉ္စမအကြိမ်) ကွင်းဆင်း ဆောင်ရွက်

ဝေါ  သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများ လွယ်ကူ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး အတွက် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားကတ် မပြုလုပ် ရသေးသူများ၊ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသား ကတ်မရှိကြသူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အချိန် မီ ထုတ်ပေး နိုင်ရေး အတွက် သစ္စာစီမံချက်ဖြင့် အဖွဲ့(၆)ဖွဲ့ခွဲကာ  နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား  ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ပြုလုပ် ဆောင်ရွက်ပေးရာတွင် ဝေါမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရဲထွန်းမြင့် နှင့် ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသေးသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက် ရှိရာ ဧကရာဇ်ကျေးရွာ၊ ဆင်ရွာ ကျေးရွာ၊ ညောင်သုံးခွကျေးရွာ၊ နောင်ဂျမ်းကျေးရွာ၊ လေးအိမ်စု ကျေးရွာ တို့တွင် ကျား(၁၁၃)ဦး၊ မ(၁၇၄)ဦး၊စုစုပေါင်း(၂၈၇)ဦး တို့ကိုဆောင်ရွက်ပေးခဲ့ပြီး ဝေါမြို့နယ် ရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု (၆၄)အုပ်စုတွင် ယနေ့ထိကျေးရွာ အုပ်စု(၂၆) အုပ်စုအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား(၅၉၅)ဦး၊ မ(၈၈၄)ဦး၊ စုစုပေါင်း(၁၄၂၅)ဦးအား(ပဉ္စမအကြိမ်) စိစစ်ထုတ်ပေးခဲ့ကြောင်းသိရသည်။

ကျန်ကျေးရွာ(၃၈) အုပ်စုကို သစ္စာစီမံချက်ပါနေ့ရက်များအလိုက် တိုက်နယ်များခွဲကာ ကွင်းဆင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး ဩဂုတ်လ(၂၉)ရက်နေ့တွင် ဝေါမြို့နယ်အတွင်းရှိ ကျေး အုပ်စု(၅)စု ဖြစ်သည့် ဖိုးပြန်ကျေးရွာ၊ ကမာကဘန် ကျေးရွာ၊ ညောင်ခါးရှည်ကျေးရွာ၊ မြစ်ကျိုး ကျေးရွာ၊ ကျုံသင်ကျေးရွာတို့တွင် (ဆဌမအကြိမ်)မြောက် အသက်(၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်များ နိုင်ငံသားတိုင်းရရှိစေရန် ပြုလုပ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)