ရေတာရှည် သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား စတုတ္ထအကြိမ် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ ကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀/- နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု ၆၅ အုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၂၆၂၃၂ စု အတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၅၂၄၆၄၀၀၀၀/-တိတိ ကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆု(ပြန်/ဆက်)