ချောင်းသာကမ်းခြေ ပင်လယ်ပြင်လုံခြုံရေးကိစ္စရပ်များအတွက် ညှိနှိုင်းဆွေးနွေး

ချောင်းသာ   ဩဂုတ် ၂၅

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေလုံခြုံရေးကိစ္စရပ်များညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ ညနေပိုင်းက ချောင်းသာမြို့စုပေါင်း ရုံးအစည်းအဝေးခန်းမဆောင်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အုပ်ချုပ်ရေးအဖွဲ့များ၊ ချောင်းသာကမ်းခြေ ရေယာဉ်အသင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း ညှိနှိုင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကမ်းခြေလုံခြုံမှုရှိစေရေးအတွက် အခြားဒေသမှ စက်လှေအဝင်အထွက်များကို စနစ်တကျ မေးမြန်းစစ်ဆေးခြင်း၊ မိမိတို့ဒေသမှ စက်လှေအဝင်အထွက် အသွားအလာများအား မြို့ဧရိယာကျော်လွန်ပြီး သွားရောက်မှုများရှိပါက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက် များကို ချမှတ်ခြင်းစသည်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလများအတွင်း အသွားအလာ၊ အဝင်/အထွက် တို့အား စနစ်တကျပူး‌ပေါင်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းတိုင်ပင်ခဲ့ကြ ကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)