ကျောင်းကုန်းမြို့၌ မိုးစပါး RS to CS မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ကျောင်းကုန်း  ဩဂုတ် ၂၅

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါစီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၂ နာရီအချိန် တံခွန်တိုင် နည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် မဲဆန္ဒနယ်အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဇော်တို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်း က  မျိုးသန့်စပါးများ စိုက်ပျိုးလာခြင်း အားဖြင့် နိုင်ငံတော်ကို အကျိုးပြုတာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထင်ကျော်ဦး က မိုးစပါး RS  to  CS မျိုးစေ့ထုတ် စိုက်ပျိုးသည့်တောင်သူများအား (၂၉)ဦးစီခွဲကာ ထုတ်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက မိုးစပါး မျိုးစေ့ထုတ်ဧက(၅၀၀)အနက်မှ ပထမအကြိမ် RS to CS မျိုးစေ့ထုတ်စိုက်ပျိုးသည့်‌တောင် သူ (၂၉) ဦး၏ မျိုးစေ့ထုတ် စိုက်ဧက (၁၂၈) ဧကအတွက် ငွေကျပ်(၁၀၆)သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)