ဝါးခယ်မတွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

ဝါးခယ်မ  ဩဂုတ် ၂၅

ကိုဗစ်-၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်း ကို ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက် မြူရုံးလမ်း လူစည်ကားရာနေရာတွင် ယမန်နေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်စည်းတပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှု Mask Campaign ကို မြိူ့နယ်အုပ်ချုပ်ရေး မှူး ဦးဇော်မော်အောင် ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး ပြည်သူများအား နှာခေါင်းစည်း mask စုစုပေါင်း ၉၀၀ အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထွက်ခွာသွားလာကြရန် အသိပညာပေး အနေဖြင့် Mask Campaign ကိုဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့် အညီ နေထိုင်သွားလာစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက် ရှိကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)