မွန်ပြည်နယ် ကျိုက်မရောမြို့၌ နှာ​ခေါင်းစည်း တပ်ဆင်သွားလာ​ရေးလှုပ်ရှားမှု ​အရှိန်အဟုန်မြှင့်​ဆောင်ရွက်

ကျိုက်မ​ရော  သြ ဂုတ်  ၂၅

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်၌ ကိုဗစ်- ၁၉ ​ရောဂါကြိုတင် ကာကွယ်​ထိန်းချုပ်​နိုင်ရန်အတွက် နှာ​ခေါင်းစည်း တပ်ဆင်သွားလာ​ရေးလှုပ်ရှား​ဆောင်ရွက်မှုနှင့် maskများ အခမဲ့ဖြန့်​​ဝေ​ပေးခြင်းကို ယ​နေ့နံနက် ၉ နာရီက ကျိုက်မ​ရော မြို့အဝင်ဂိတ်၌ပြုလုပ်​ဆောင်ရွက်ခဲ့သည်။

နှာ​ခေါင်းစည်းဝတ်ဆင်သွားလာ​ရေးလှုပ်ရှားမှုကို မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်မြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်း​အောင်နှင့် ဌာနဆိုင်ရာများ၊ ကြက်​ခြေနီတပ်ဖွဲ့ဝင်များပူး​​ပေါင်း၍ နှာ​ခေါင်းစည်းများအခမဲ့ဖြန့်​ဝေ​ပေးခြင်း၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဝန်ထမ်းများ က" ကိုဗစ် -၁၉မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်စို့" သတင်းစကားလက်ကမ်းစာ​စောင်များအား ​စျေး​ရောင်း​စျေးဝယ်များနှင့် ဖြတ်သန်းသွားလာ​နေကြသူများအား​ဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာ၌ နှာ​ခေါင်းစည်းမဖြစ်မ​နေ တပ်ဆင်သွားလာ​ရေးအတွက် အသိပညာ​ပေးခြင်း အစီအစဉ်ကို အရှိန် အဟုန်မြှင့်​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။   

အဆိုပါ  ​နေအိမ်ပြင်ပထွက်ခွာသူတိုင်း နှာ​ခေါင်းစည်းတပ်ဆင်​ရေးပညာ​ပေးလှုပ်ရှားမှုများကို သြဂုတ် ၂၅ ရက်​နေ့မှ  ၂၇ရက် ​နေ့ထိ  လူစည်ကားရာ​နေရာများတွင် လှုပ်ရှား​ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းသိရှိရသည်။

ချိုမြတ်မြတ်​ထွေး(ကျိုက်မ​ရော)