စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်

ကလေးဝ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပြန့်ပွားမှု မရှိ စေရေး အတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ ၆ နာရီခွဲက ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တတ်နိုင်သမျှ မိမိတို့၏ နေအိမ်တွင်သာနေထိုင်ပြီး လူစုလူဝေရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြရန်၊ ပါးစပ် နှာခေါင်းစည်း mask ကို လူစု လူဝေရှိရာနေရာများသို့ သွားသည့်အခါတိုင်း တပ်ဆင်ကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ပါရန် ၆ ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်၊ လက်ကို ရေနှင့်ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည် အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏ ဆေးကြောကြရန် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက် များအတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)