ပလောက် သြဂုတ် လ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကို ဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ် (၂)ရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်များ တိုက်ဆိုင်စစ်ဆေးရာတွင် ပုလောမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ ဆရာ/ဆရာမများ၊ လူမှုရေး အသင်းအဖွဲ့ များမှ ပူးပေါင်း၍ အဖွဲ့များ ခွဲကာ ပုလောမြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာအသီးသီးရှိ မဲရုံများ ဆောင်ရွက်ထားရှိမှု၊ စာသင်ကျောင်းများနှင့် မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ကာ မဲဆန္ဒရှင် ပြည်သူများနှင့် တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နှင်းမြူလွင်(ပလောက်၊ ပြန်/ဆက်)