ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄- ဂ) တို့ဖြင့် လျှောက်ထားသူများကို ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ() ပုံစံ() ပုံစံ(- )တို့ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ မဲစာရင်းတွင် အမည်ထည့်သွင်းပေးခြင်း၊ ကန့်ကွက်လွှာများကို စိစစ်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုံစံ() ဖြင့် မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန် လျှောက်ထားသူ (၆၀၉၉) ဦး၊ ပုံစံ() ဖြင့် ကန့်ကွက်သူ (၁၀၀၈) ဦး၊ ပုံစံ(- )ဖြင့် ပြင်ဆင်လျှောက်ထားသူ (၁၂၉၇) ဦးရှိပြီး၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ဩဂုတ် (၁၅) ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပထမအကြိမ်ကပ် ထားကြေညာသော မဲဆန္ဒရှင်စာရှင်းမှာ (၁၄၄၄၃၄) ဦးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

သဲဝါ(ပြန်/ဆက်)