ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

ဟားခါး  သြဂုတ်

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင် ရုံးများနှင့် ဟားခါးမြို့ အများပြည်သူ သွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကြေညာမှုများအား ပထမအကြိမ် ဆောင်ရွက်ပေးခဲ့ပြီးနောက် ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများ နှင့်ပတ်သက်၍ လမ်းညွှန်ရှင်းလင်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပခဲ့ရာ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးမြင့်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထလာကီးယိုလျန်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထလာကီးယိုလျန် တို့က  ဟားခါး မြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး အိမ်ထောင်စုစာရင်းတွင်ပါရှိသူများနှင့် ၂၀၂၀ပြည့်နှစ် သြဂုတ်လ ၁၁ရက်နေ့နောက်ပိုင်း မြို့နယ်အတွင်း လာရောက်နေထိုင်သူများ ကျန်ရှိမှုမရှိစေဘဲ ဆန္ဒမဲပေးနိုင်ရေး၊ ကွယ်လွန်သူများ၊ သာသနာ့ဝန်ထမ်းများ၊ အသက် ၁၈နှစ်မပြည့်သူများ၊ မြို့နယ်အတွင်းမှ အခြားဒေသသို့ ပြောင်းရွေ့နေထိုင်သူများ မဲစာရင်းတွင်ပါရှိမှု ရှိပါက ပယ်ဖျက်နိုင်ရေးနှင့် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားကြပြီးနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းက ဟားခါး မြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း လုပ်ငန်းအဆင့်ဆင့်တို့နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်းများကို ချပြရှင်းလင်းခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ဟားခါး မြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်တို့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြရာ မေးမြန်းချက်များ အပေါ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းက ရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ် အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များ၊ ရာအိမ်မှူးများ ပါဝင်သော အစုအဖွဲ့ပေါင်း (၄၄)စုခွဲကာ နေ့မှစ၍ ()ရက်ကြာ တာဝန်ကျရာ ကွက်စိပ်များတွင် ကွင်းဆင်းစိစစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)