ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ဘုရားသုံးဆူ သြဂုတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် စတင်ဆောင်ရွက်သည်။

အဆိုပါ ဆောင်ရွက်မှုများတွင် ကိုဗစ် − ၁၉ နှင့်ပတ်သက်သောအကြောင်းအရာများအား အသံချဲ့စက်များဖြင့် ဆော်သြခြင်း၊ Mask များ ဝေငှခြင်း၊ စျေးဝယ်သူနှင့် စျေးရောင်းသူများအား ၆ ပေအကွာတွင် ရောင်းချစေရန်နှင့် မကြာခဏ လက်ဆေးကြရန် အသိပညာပေးလုပ်ငန်းများကို ဘုရားသုံးဆူမြို့ ကျန်းမာရေးဌာနမှ ကိုဗစ် ၁၉ ဆောင်၍ မြို့အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောရဲဝင်းထွဋ်(ပြန်/ဆက်)