ချောက် ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမှတ်(၇)၊ အမှတ်(၈)၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်တို့မှ အိမ်ထောင်စုများသည် ရေဘေးရှောင်စခန်းများ၊ နီးစပ်ရာဆွေမျိုးတို့အိမ်တို့တွင်ခေတ္တ နေထိုင် လျက်ရှိကြောင်းသိရသည်။
ယနေ့ နံနက် ၆ နာရီအချိန် ဧရာဝတီမြစ်ရေတိုင်းတာချက်မှာ ၁၄၂၂ စင်တီမီတာသို့ရောက်ရှိပြီး ချောက်မြို့၏ ဧရာဝတီ မြစ်ရေစိုးရိမ်ရေအမှတ်မှာ ၁၄၅၀ စင်တီမီတာဖြစ်သည် စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၂၈ စင်တီမီတာသာလိုတော့သည်။
ထိုကြောင့် မြေနိမ့်ပိုင်း ရေဝင်ဧရာဝတီမြစ်ကမ်းတလျောက် နေထိုင်သော ရပ်ကွက်များအနေဖြင့် ဂရုစိုက်နေထိုင်သွားကြ ပါရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)