ဟင်္သာတ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ဟင်္သာတ ဩဂုတ် ၂

ဟင်္သာတမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့် ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက  လယ်တီကွင်း မြို့ပတ်လမ်းဆုံတွင် ဆောင်ရွက် ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်း‌ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်နှင့်  လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခုရေ(၅၀၀)  အခမဲ့ဖြန့်ဝေ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဟင်္သာတမြို့နယ်၌ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း mask ကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထွက်ခွါ သွားလာကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ နေ့စဉ်နေထိုင် သွားလာကြရန်တို့ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကြီးကြပ်မှုဖြင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်နှင့် ပရဟိတအဖွဲ့များက မော်တော်ယာဉ်များဖြင့် အသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)