မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဆင်ပေါင်ဝဲ သြဂုတ် ၂၅

မကွေတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု့မရှိစေရေး အတွက် ပြည်သူများ အပြင်သွား လာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှု့များကို ယမန်နေ့ ညနေ(၃)နာရီက ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူရှေ့ မြို့အဝင်လမ်းတွင် ကွင်းဆင်းကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် ကြပ်မတ် စစ်ဆေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်စိုးလင်း၏ ဦးဆောင်မှု့ဖြင့် ဌာနဆိုင်ရာများ ပါဝင်လျက် ဘုရားငါးဆူရှေ့တွင် စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွားလာသည့် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ခရီး သည်ပို့ဆောင်ရေး ယာဥ်များအား ရပ်တန့်စစ်ဆေးပြီးကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု့ မရှိစေရေးအတွက် နှာခေါင်းစည်းများမဖြစ်မနေတပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲအပြင်သွားလာခြင်းများ မပြုလုပ်ကြရန်နှင့် လူ တစ်ဦးနှင့်တစ်ဦးအနည်းဆုံး(၆)ပေအကွာ နေထိုင်သွားကြရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း မပါဘဲ အပြင်ထွက်လာသူများကို ချက်ချင်းဝယ်ချက်ချင်းတပ်စနစ်ဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ချိုချို ဝင်း(ပြန်ဆက်)