အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

အင်္ဂပူ  ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ငဝန်ဧရာလမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း (Mask) ဖြန့်ဝေခြင်းလုပ်ငန်းများကို မန်နေ့ နံနက် နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းများအား  အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ငဝန်ဧရာ လမ်းဆုံတွင် အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ သွားလာနေသူများအား မဖြစ်မနေ အကာအကွယ် Mask တပ်ဆင်သွားလာရေး၊ အိမ်အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ကြစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြစေရန် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)