ရွာသစ် ဩဂုတ် ၂၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် သံလွင်ရေမြင့်တက်လာမှုကြောင့် ရွာသစ်မြို့နှင့် (၁၂)မိုင် ဝန်းကျင်ခန့် ဝေးသည့် သံလွင်မြစ်ကမ်းအနီးရှိ ဝမ်ဗလကျေးရွာအား တောင်သူများ၏ စိုက်ပျိုး ရေးလုပ်ငန်းများ ရေလွှမ်းမိုးမှုအခြေအ နေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ အဆိုပါ ကျေးရွာ၌ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်၊ နယ်မြေရဲစခန်း၊ နယ်မြေ မီးသတ်တပ်ဖွဲ့၊ စိုက်ပျိုးရေး ဦးစီးဌာန နှင့် တာဝန်ရှိသူ အသီးသီးက သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဝမ်ဗလကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားရှိသည့် သံလွင်မြစ် အရှေ့ဘက် ကမ်းနှင့် အနောက်ဘက် ကမ်းရှိ တောင်ယာစပါး၊ နှမ်းခင်းများ ရေလွှမ်းမိုးမှု အခြေအနေများ ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တောင်သူ (၄၄)ဦး၏ ခန့်မှန်းနှမ်း(၂၀၂)ဧက၊ ခန့်မှန်းစပါး (၄၅)ဧက၊ စုစုပေါင်း(၂၄၇)ဧကအား ရေလွှမ်းမိုးမှုတွေ့ရှိခဲ့ ကြောင်း နောက် ရက်များတွင်လည်း ဝမ်လွဲ့ကျေးရွာရှိ သံလွင်မြစ်အနီး တောင်ယာလုပ်ကိုင်သူများ၏ စိုက်ခင်းများကိုလည်း ထပ်မံကွင်းဆင်းသွားမည် ဖြစ် ကြောင်း သိရှိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)