သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စိုက်ပျိုးစရိတ်အထူးချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးစီး

ကံမ ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ ကာလ စိုက်ပျိုးစရိတ် အထူးချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၃)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား  စိုက်ပျိုးမြေ  တစ်ဧက လျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် ထုတ်ချေးခဲ့ရာ ယမန်နေ့က ရာနှုန်းပြည့် ထုတ်ချေးပြီးစီးခဲ့ကြောင်းသိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကျေးရွာအုပ်စု(၅၃)အုပ်စုမှ တောင်သူ(၇၇၂၆) ဦးတို့အား ထုတ်ချေးပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တောင်သူများ၏ စိုက်ပျိုးမြေဧကပေါင်း (၂၃၃၉၁)ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း(၁၁၆၉၅.၅)သိန်းအား ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်ညိုမာမြင့် ထံမှသိရ သည်။

ကျော်ဇေယျဝင်း(ကံမ)