ဟုမ္မလင်း ဇန်နဝါရီ ၄
ဟုမ္မလင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နိုင်ငံတော်အလံတင်အခမ်းအနား ကို ဇန်နဝါရီ ၄ ရက် နံနက် ၄နာရီ(၂၀) မိနစ်တွင်ဟုမ္မလင်း မြို့နယ်အားကစားခန်းမရှေ့လွတ်လပ်ရေး ကျောက်တိုင်၌ကျင်းပခဲ့သည်။
နိုင်ငံတော် အလံတင် အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲဝင် ဥက္ကဌ ဉီးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ အပါအဝင် (၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
နိုင်ငံတော်အလံတင် အခမ်းအနားတွင် တက်ရောက်လာကြသူများမှ နေရာယူကာ ဂုဏ်ပြုတပ်ဖွဲ့ ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအားလွှင့်တင်၍ အလေးပြု ခဲ့ကြပြီး နိုင်ငံ တော်အလံတင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
ဟုမ္မလင်း (ဧဆက်)