ပွင့်ဖြူမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်

ပွင့်ဖြူ   ဇန်နဝါရီ      ၄

၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သဝဏ်လွှာဖတ်ပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် (ထက်၊လယ်၊မူ) စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သော ၂၀၂၂ ခုနှစ် ၊  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြား၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထည့်သွင်းကျင်းပသည့် မြို့နယ်အဆင့် (ထက်၊လယ်၊မူ) စာစီစာကုံးပြိုင်ပွဲတွင် (ပထမ ၊ ဒုတိယ ၊ တတိယ)ဆု ရရှိသည့် ကျောင်းသား ကျောင်းသူ(၉)ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင်များကို လေ့လာဖတ်ရှုနိုင်ရန် အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခင်ဝါဝါလှိုင်(ပြန်/ဆက်)