ဖြူးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ဖြူး     ဇန်နဝါရီ   ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်သား/ကျောင်းသူများ လွတ်လပ်ရေး နေ့ကို အစဉ်မမေ့အပ်စေရေးအတွက်ရည်ရွယ်ကာ ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့နေ့လယ်က မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း(၂၀-၁-၁၉၄၆)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်(၄)ရပ်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊  လွတ်လပ်ရေးနေ့နှင့်ဆိုင်သော ကဗျာနှင့် ကာတွန်းများ စသည်တို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)