ပုသိမ် ဇန်နဝါရီ ၄
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းဒေသကြီးကိုယ်စားပြုအထိမ်း အမှတ် ယာဉ်နှင့်ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးကိုယ်စားပြုအထိမ်းအမှတ် ယာဉ်နှင့်ဖျော်ဖြေရေး အဖွဲ့များအနေဖြင့် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ကြရန် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရတစ်ခုတည်းဖြင့် စွမ်းဆောင်၍မရဘဲ ဒေသမှကျွမ်းကျင် ပညာရှင်များ၊ ဌာနဆိုင်ရာ များအားလုံးပူးပေါင်း၍ ညီညီညွတ်ညွတ်ဆောင်ရွက်မှသာ အောင်မြင်နိုင် မည် ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးမှ အလှပြယာဉ်များ၏ ပြကွက်များကိုမြင်ရုံဖြင့် မိမိတို့တိုင်းဒေသကြီးသို့ရောက်ရှိသလို ခံစားနိုင်ကြရန် ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ၎င်းအပြင်တိုင်း ဂုဏ်ဆောင်ရုံသာမက နိုင်ငံ့ ဂုဏ်ဆောင်ဖြစ်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေ လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တန်းခိုးကြီး ဘုရားစေတီများ၊ ဒေသထွက်ကုန်များ၊ ဒေသန္တရ(Landmark)နှင့် ဒေသလုပ်ငန်းဆိုင်ရာများ စသည်တို့ပါဝင် နိုင်ရေးကြိုးစား ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဆွေးနွေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်” စသည်ဖြင့်ပြောကြားပါသည်။
ဆက်လက်၍အစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝေဇင်ထွန်းက အလှပြယာဉ်များ ပြင်ဆင်ဆောင်ရွက်ရေး အတွက် ကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)