(၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကိုးသိန်းအားကစားကွင်း မီတာ(၄၀၀) Synthetic ပြေးလမ်းခင်းခြင်းဖွင့်ပွဲ၊ GYM ခန်းမ၊ RCC (၂)ထပ်အဆောက်အအုံအား ပန္နက်တင်ခြင်းနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင

ပုသိမ်   ဇန်နဝါရီ  

ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီတာ(၄၀၀) Synthetic ပြေးလမ်းခင်းခြင်း ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါအားကစားကွင်းထိပ်၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က ကျေးဇူးတင်စကားပြောကြားပြီး ပြေးလမ်းဖွင့်ပွဲ အမှတ်တရပစ္စည်းအား ဝန်ကြီးချုပ်ထံ ပေးအပ်သည်။ ဆက်လက်၍ ပြေးလမ်းအား ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အားကစားကွင်းအတွင်း အသစ်တည်ဆောက်ထားသည့်ပြေးလမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ပြေးလမ်းအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၉၄၀.၅ သန်း အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ အားကစားကွင်းအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမ(၆)လ ဘတ်ဂျက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ကောင်းကျော်ကြား ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် (၅၀ ၃၂ )ပေ၊ ခန်းမ (၂)ထပ် ဆောက်လုပ်မည့် အဆောက်အအုံအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သတ်မှတ်နေရာများမှ ပန္နက်တင်ခြင်းများ ဆောင်ရွက်ပေးကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက်(၂၅)နှစ်အောက်၊ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုတွတ်